Wednesday, June 17, 2009

Hand Phone Radiation




အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ သန္ဓေသားလေး နှစ်လကျော်သုံးလအရောက်မှာ ပျက်ကျခဲ့ပါတယ်။ သူမဟာ ဒီလိုအဖြစ်မျိုး ခဏခဏ ကြုံတွေ့ ခဲ့ရပါတယ်။ သူမတို့စုံတွဲဟာ ဆရာဝန်အများကြီးနဲ့လည်း ဒြီပဿနာရဲ့ အဖြေကိုသိဖို့  စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ နောက်ဆုံးပြခဲ့တဲ့ဆရာဝန်ကတော့ သန္ဓေသားလေးရဲ့ သေနေတဲ့ ဆဲ(လ်)တွေကို စစ်ဆေးပြီးနောက် အဖြေထုတ်နိုင်ခဲ့ပါတယ်။ မိခင်ရဲ့ သားအိမ်ကအဓိကကျတဲ့ ဆဲ(လ်) အချို့ ဟာ ဆဲ(လ်)ဖုန်းရဲ့ ရောင်ခြည်သင့်မှုကြောင့် သေနေပြီ ဖြစ်လို့  သူမမှာ ကျန်းမာတဲ့ ကလေးတစ်ယောက်မွေးဖွားဖို့ အခွင့်အလမ်းမရှိတော့ ပါဘူး နောက်ထပ်ကိုယ်ဝန်ဆောင်နိုင်ခဲ့ ရင်တောင်မှ သန္ဓေသားဟာ နည်းနည်းရင့်လာတာ နဲ့ ပျက်စီးမှာပဲ လို့ ဆရာဝန်ကပြော ခဲ့ ပါတယ်။.
ဒါဟာဘာကြောင့်လဲဆိုတော့ သူမဟာ သူမရဲ့ ဆဲ(လ်)ဖုန်းကို အမြဲတမ်း သူမအလုပ်လုပ်တဲ့ ဂျာကင်င်္အကျီရဲ့ အိပ်ကပ် ( သူမသားအိမ်ရဲ့ ညာဘက်ထောင့်နဲ့နီးတဲ့နေရာ ) မှာ နှစ်ရှည်လများ ထားခဲ့မိလို့ပါပဲ။
ဒီအမျိုးသမီးလို အဖြစ်ဆိုးမျိုးမဖြစ်ရလေအောင် အောက်ပါအချက်များကိုသတိပြုကြပါ။
၁။ ဟန်းဖုန်းရဲ့ ရောင်ခြည်သင့်မှုကြောင့် ကျွန်မတို့ ရဲ့ ကိုယ်အင်္ဂါ နှင့်ကျန်းမာရေးကို ထိခိုက်နိုင်တယ် ဆိုတဲ့ အချက်ကို ကျေးဇူးပြုပြီး သတိမလွတ်ပါစေနှင့် ။
၂။ အသုံးမလိုလျှင် တတ်နိုင်သမျှု ခန္ဓာကိုယ်နှင့်ဝေးသောနေရာတွင်ထားပါ။
၃။ အမျိုးသားများ မိမိတို့ ရဲ့ကျောက်ကပ်နှင့်နီးသော ဘောင်းဘီအိပ်တွင်ထည့်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
၎။ ကလေးငယ်တွေရဲ့ နုနယ်တဲ့ ဦးနှောက်ဆဲ(လ်)တွေကို ရောင်ခြည်မသင့် စေဖို့ အတွက် တတ်နိုင်သမျှ ကလေးတွေနဲ့  ဝေးရာမှာထားပါ။
၅။ကလေးငယ်များသည် ကြီးထွားစအရွယ်တွင် အရမ်းကိုနူးညံ့ ပါသဖြင့် ဟန်းဖုန်းနှင့် မကစားပါစေနှင့်။
၆။အိပ်စက်ချိန်တွင် ဖုန်းကို မိမိအိပ်ယာတွင်မထားပဲ မနီးမဝေးတွင်ထားပါ။
၇။ တတ်နိုင်သမျှ တီဗွီကဲ့သို့သော ရောင်ခြည်သင့် သည့် အရာများကို မိမိရဲ့ အိပ်ခန်းတွင်မထားပါနှင့် ( တီဗွီသည် ပိတ်ထားယုံနှင့် ရောင်ခြည်သင့်မှု မှ ကင်းလွတ်ပြီဟု မပြောနိုင်ပါ။)
ဒီအကြောင်းအရာကို http://groups.yahoo.com/group/hum-our-tum/မှရပါတယ်။
တစ်စုံတစ်ခုမှားယွင်းခဲ့ပါက ဘာသာပြန်သူကျွန်မ နှင်းဆီခင်းလေး ရဲ့တာဝန်သာဖြစ်ပါတယ်။

ဒီလိုနေရာမျိုးမှာ လူသားတွေ နေထိုင်ကြတယ်ဆိုတာ သူငယ်ချင်းတို့  ယုံကြည်ကြရဲ့ လား










မြန်မာလူမျိုးတွေ ဘယ်တော့မှ မမေ့နိုင်မယ့် နာဂစ်မုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြတဲ့ နေရာတွေထဲမှာ ကျွန်မရဲ့ ဇာတိမြို့လေးလဲပါဝင်ပါတယ်။ ခြောက်ခြားစရာကောင်းလှတဲ့ နာဂစ်ကြောင့် သေကြေသွားရတဲ့ လူတွေထဲမှာ ကျွန်မရဲ့ ဆွေမျိုးတွေလဲ အပါအ၀င်ပေါ့ ။ နာဂစ်တစ်နှစ်ကျော်လာတဲ့ အခုအချိန်မှာ တစ်ချို့ကလဲ အိမ်တွေပြန်ဆောက်နိုင်ပါတယ် တစ်ချို့ ကတော့ အခုအချိန်ထိ အိမ်ပြန်မဆောက်နိုင်ပဲ ရွက်ဖျင်တဲလေးတွေ. တာလပတ်တွေနဲ့ နေ နေ ရဆဲပါ. ကိုယ့်နယ်မြေ ကိုယ့်ဒေသက လူတွေကံဆိုးလှချည်လားလို့ ထင်ခဲ့တဲ့ ကျွန်မ ဒီပုံလေးတွေကိုမြင်မိတော့မှပဲ ကျွန်မတို့ နယ်မြေကလူတွေဟာ သူတို့ထက်ကံကောင်းနေသေးပါလားလို့ သက်ပြင်းချမိပါတယ်။ ကျွန်မတို့ မှာ အိမ်ဆိုတာ မရှိရင်တောင်မှ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မြေကြီး . ရေ . လေ သဘာဝပတ်ဝန်းကျင်တွေရှိနေသေးတာ အများကြီးကံကောင်းနေပါသေးတယ် ။ ဒီပုံတွေကို www.funandfunonly.org ကရပါတယ်။
ကမ္ဘာပေါ်ရှိလူအပေါင်းတို့ ကျန်းမာပျော်ရွှင်စွာ အိမ်ပီသသော နေအိမ်မှာ နေထိုင်နိုင်ကြပါစေလို့  ဆုတောင်းလျှက် -------

Thursday, June 04, 2009

How to get Social Visit Visa of Singapore



Most of the people from Myanmar are working at oversea because of numeric reasons. Among them some are joined with agent. Some are joined to school first after finished school they hunt for job themselves. Some are applied dependent pass and after they got long term pass they try to get job.
There are a lot of rules and regulations depend on country where you want to go.
Among the countries I just want to share you about Singapore. As I studied from GTC most of my friends from there are intend to work at Singapore because Singapore has high standard technology and very safe for people. And one more thing is not so far from Myanmar.
There are a lot of people working in Singapore with different fields (Doctor, Manager , Engineer, Secretary, Technician, Accountant, Hotel and management, Safety officers, Supervisors, Sales promoter, Nursing, General worker, Painter, Electrician, Foreman, Driver, Scaffolding, Piping, Welder, Construction, Cleaner, Drafts Man, QA/ QC, Administration, Technical Assistant, Waiter, Waitress, Helper, Maid, Chef cook, and so on . They tried to get job with different ways.
Some are joined with agents from Myanmar and after they got job and work permit they come to Singapore. But agent fees is high for me and (some of my friends).Agent fees also different based on your job. For the professional jobs with special pass (s’pass) normally we need to pay S$4500 + Air Ticket. For me I can’t afford like this amount. That’s why I tried to Singapore with social visit visa.
Do you have Singaporean / Singapore Permanent Residence relatives or friends in Singapore?
A.)If your answer is yes, it’s very easy for you to get visa.
Firstly , you asked them to send you invitation / sponsor letter together attached with their IC photocopy via email or parcel.
Once you got it you go and buy air ticket round trip (yangon-singapore-yangon) .Please don’t buy 1 month ticket. ( Unluckily if you can’t find a job you need to buy new one )
After you buy air ticket you can go to Singapore embassy to apply social visit visa.
Here you can check address and operating hour. mfa.gov.sg

Address : 238 Dhamazedi Road, Bahan Township , Yangon
Telephone : (95) 1 559001
Fax : (95) 1 559002
Visa Fax : (95) 1 559921
E-Mail : singemb_ygn@sgmfa.gov.sg
Operating Hour: 8:30 am to 1:00 pm , 2:00 pm to 5:00 pm
Visa Hours: Monday to Friday 9:30 am to 11:30 am ( Visa Application )
Monday to Friday 2:30 pm to 4:00 pm ( Visa Collection )

The Embassy is closed on Saturdays, Sundays and Public Holidays
You are required to submit following documents
1.Application Form
2.Sponsor Letter
3.One color passport size photo
4.Photocopy of your round trip air ticket to Singapore
5.Photocopy of the bio data page of your passport
6.Non refundable visa fees will be FEC13.
After 4 working days you can go and collect your passport attached with 1 month Singapore social visit visa.

B) If your answer is No, it may be a little bit difficult
If you do not have a Singapore citizen/PR to act as your sponsor, you
have to place FEC648 as security deposit with the Embassy before you can be
granted an entry visa.
If you never come back within the granted duration Singapore embassy won’t be refund this deposit.
If you don’t want to pay deposit to embassy there is another way for you it is to join with agent . You can also ask at air ticket selling services.
--- Although you have sponsored if you don’t want to go yourself to embassy they will serve you about US 30.
--- Not only you do not have sponsor but also you are not available to give deposit they will serve you about US 50.
( The fees may be variable depends on agent and situation )
Cheers
May all my friends get successful job in Singapore.
With Regards ,
နှင်းဆီခင်းလေး

Sunday, May 31, 2009

အတု အယောင်






အမှန်သည် အမှား … အမှားသည် အမှန်

“မပြောရ--မလုပ်ရ--မသွားရ”

အဲဒီလို မဟူရာရောင် ပုတ်အက်အက်ရနံ့ဆန်တဲ့

ပုံစံခွက်ကြီး ထဲမှာ

ယက်ကန်ယက်ကန် ရှင်သန်ခဲ့ရပြီး

ဘာမဆို ပိတ်ပင်တားဆီး

အခွင့်အလမ်းဆိုတာ

ညအိမ်မက်ပဲလားဆိုတဲ့ တွေးခေါ်မှူတွေနဲ့

ကြီးပြင်း ခဲ့ရလို.

ကျမ ပြုံးနေတယ်

ဒါပေမယ့် အပြုံးတု

ကျမ ရယ်နေတယ်

ဒါပေမယ့် အရယ်တု

ကျမ ငိုနေတယ်

ဒါပေမယ့် မျက်ရည်တု



written by: နှင်းဆီခင်းလေး

အချိန် သာလျှင် အချစ် ၏


ဟိုးရှေးရှေးတုန်းကပေါ့ ဘ၀ဆိုတဲ့ ကျွန်းလေးတစ်ကျွန်း ပေါ်မှာ ချစ်ချစ်၊ ပျော်ပျော်၊ ငိုငို၊ ပညာရှိ တို့ နဲ့ အတူ အခြားသူငယ်ချင်းတွေ စုစည်းနေခဲ့ကြတယ်။
တနေ့ မှာတော့ ဘ၀ကျွန်းလေးကို ကြောက်စရာကောင်းတဲ့ လေမုန်တိုင်းတွေဝင်ပြီး ပင်လယ်ရေအောက်ကို စုန်းစုန်းမြုပ်တော့မယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်လာပါတယ်။
ကျွန်းသူ ကျွန်းသားတွေ အားလုံးဟာ သူတို့ ရဲ့ ကိုယ်ပိုင်လှေလေးတွေနဲ့  ဒီကျွန်းပေါ်ကနေ မြန်မြန်
ပြေးနေကြတဲ့ အချိန်မှာ ချစ်ချစ်တစ်ယောက်ကတော့ သူချစ်တဲ့နေရာလေးမှာ နေခွင့်ရသမျှနေမယ်ဆိုတဲ့ စိတ်နဲ့  တ၀ုန်းဝုန်းတက်လာတဲ့ လှိုင်း လုံးကြီးတွေကို ငေးမောကြည့်နေခဲ့တယ်။
နောက်ဆုံး သူမရဲ့ လှေလေး လည်း ကြောက်စရာကောင်းတဲ့ ရေလှိုင်းတွေအောက်မှာ ပျောက်ကွယ်သွားခဲ့တယ်။
ကျွန်းတစ်ခုလုံး ရေအောက်ကိုရောက်တော့မယ့် အချိန်ရောက်မှ “ ဟာ ငါ တစ်ယောက် တည်း ကျန်တော့ ပါလား ငါဒီနေရာကနေ ပြေးမှဖြစ်တော့ မယ် “ ဆိုတဲ့ အသိဝင်လာပါတယ်။
သူ့ လှေ လေး ချည်ထားတဲ့နေရာ မှာ မရှိမှန်းလည်းသိရော ချစ်ချစ်လေးဟာ ကြောက်ကြောက်နဲ့  တွေ့ ရာလူကို အကူအညီတောင်းဖို့  ဟိုဟို ဒီဒီ ကြည့်နေခဲ့တယ်။
ပထမဆုံးချစ်ချစ်တွေ.တာကတော့ ကြီးမား ထည်ဝါလှတဲ့လှေကြီးနဲ့  ကိုချမ်းသာကြီးပေါ.
သူမလေးက ၀မ်းသာအားရ နဲ့  “ ကိုချမ်းသာကြီး ချစ်ချစ် ကိုချမ်းသာကြီးလှေနဲ့  လိုက်ပါရစေနော် “
လို့  အကူအညီတောင်းခဲ့ပါတယ်----
ဒါပေမယ့် စည်းစိမ်မက်တဲ့ ကိုချမ်းသာက “ ဟာ ၀မ်းနည်းပါတယ် ခင်ဗျာ ကျွန်တော့် လှေပေါ်မှာ ပေါ်မှာ ရျွှေတွေ ငွေတွေနဲ့  ပြည့်နေလို့  နေရာလွတ် မရှိ တော့ပါ ဘူး” လို့  ပြန်ဖြေခဲ့တယ်။
ချစ်ချစ်လေးဟာ နောက်ထပ် တွေ့  တဲ့ ခမ်းနားလှပတဲ့ ရွက်လှေကြီး နဲ့  ကိုမာနကြီး ကို သူမလေးကို ကယ်ဖို့  ထပ်ပြောခဲ့တယ် ။
“ စိတ်မကောင်းပါဘူး မိချစ် ရယ် နင့် ရဲ့ တကိုယ်လုံး က စိုစွတ်နေတယ့် အတွက် ငါ့ရဲ့ လှပတဲ့ လှေ ကို အပျက်အစီးမခံနိုင် လို့ ပါ “ ဆိုပြီး သွေးကြီးတဲ့ ကိုမာနကြီး က ထား ခဲ့ပြန်တယ်။
စိတ်ဓာတ်တွေကျပြီး မျက်ရည်တွေဝဲနေတယ့် သူမလေးဟာ အချစ်ဆုံး သူငယ်ချင်း ငိုငို့  ကို ထပ်တွေ့  လိုက်ပြန်ပါတယ် “ ငိုငိုရေ ငိုငို ငါ့ ကို ကယ်ပါ ဦးဟာ “ ဆိုပြီး အားကိုးတကြီး တောင်းပန်ခဲ့ ပါတယ် “ ဟာချစ်ချစ်ရယ် ငါ့ ကို တစ် ယောက် တည်း သွားခွင့် ပြု ပါဟာ “ ဆို ပြီး သူမလေး ကျန်ရစ် ခဲ့ပြန်ပါတယ်။
ကူရာမဲ့  နေတဲ့ သူမလေးဟာ ဟိုးခပ်လှမ်းလှမ်း မှာ စီးမျောလာတဲ့ ပျော်ပျော့် ကို ရှိ သမျှအားလေးနဲ့  အော်ဟစ်ပြီး သူမကို ကယ်ဖို့  ပြောပြန်ပါတယ် ဒါပေမယ့် ပျော်ပျော် က မမြင်ချင်ယောင်ဆောင်ပြီး ပိုဝေးရာကို လှော်ခက်သွားပါတယ်။
XXXXXXXXXXXXXXXXXX
ဘယ်သူမမရှိတော့တဲ့ ဘ၀ကျွန်းလေးမှာ တဖြည်းဖြည်း ၀ါးမြို နေတယ့် ပင်လယ်ရေလှိုင်းတွေကို ကြည့်ရင်း သူမသေရတော့မယ်ဆိုတဲ့ အသိနဲ့ ငိုကြွေးနေတုန်း မှာပဲ “ အချစ်ရေ ညီမလေးရေ ဒီလှေပေါ်ကို မြန်မြန်တက်ပါ မင်းကိုငါ ဘေးလွတ်ရာ ကို ခေါ်ဆောင် သွားပါ့မယ် “‘ ဆိုတဲ့ အင်မတန်မှ နုးညံ့  ညင်သာတဲ့ အသံလေး ကို ကြားလိုက်ရပါတယ်
အရမ်းအံ့ သြ ပြီး ပျော်ရွင်သွားတဲ့ ချစ်ချစ်လေးဟာ လှေပိုင်ရှင် အစ်ကိုကြီးရဲ့ နာမည် ကို မေးဖို့ တောင် မေ့လျော့သွားပါတယ်
ဘေးကင်းတဲ့ ကျွန်းလေးတစ်ကျွန်းမှာ ချထားခဲ့ပြီး ပင်လယ်ပြင်ကို ပြန်လည် ရွက်လွှင့် သွားတဲ့ အချိန်ရောက်မှ ချစ်ချစ်လေးဟာ သူမရဲ့  အသက်သခင်ကျေးဇူးရှင် ဟာဘယ်သူပါလိမ့် ဆိုပြီး သိချင်စိတ်တွေ တဖွားဖွားပေါ် လာပါတယ်
ယောင်ချာချာဖြစ်နေတယ့် ချစ်ချစ်လေးဟာ ကိုပညာရှိကြီးနဲ့  ကျွန်းပေါ်မှာ စုံစည်းခဲ့ ပါတယ်
“ ကျမရဲ့  အသက်ကိုကယ်ခဲ့တာ ဘယ်သူပါလဲ ရှင့် ” လို့  တွေ့  ရင်တွေ့  ချင်းပဲ သူမလေးက မေးခဲ့တယ် “ အဲဒါ အချိန်ပေါ့ ကွယ့်  ” ပညာရှိကြီးက ဖြေကြားခဲ့ပါတယ်
“ အို သူများတွေမကယ်ချင် လို့  ထားခဲ့တဲ့ သေခါနီးဆဲ ဆဲ ကျွန်မကို ဘာလို့ များကယ်ခဲ့ တာပါလိမ့် “
လို့  ထပ်မေးခဲ့ပြန်ပါတယ်
အဲဒီအချိန်မှာ အရမ်းကို ပညာရည်ပြည့်ဝတဲ့ အပြူံး မျိုးနဲ့  ပြုံးရင်း ပညာရှိကြီးက ပြန်ဖြေခဲ့တယ်
“ အချစ်ဆိုတာ ဘယ်လောက် တန်ဖိုးရှိပြီး မြင့်မြတ် တယ်ဆို တာ ကို အချိန် ကသာလျှင်နားလည် နိုင်စွမ်းရှိလို့  ပေါ့  ကွယ် “ တဲ့ xxxxxxxx


Source: Best Love Stories , Title : Time Understands Love By: Unknown

ဘာသာပြန်သူ ------ နှင်းဆီခင်းလေး

Thursday, May 28, 2009

H1N1 အကြောင်း Mail တွေကို သတိထားပါ

လက်ရှိ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံးက အမေရိကန် သမ္မတမဟုတ်သလို၊ ရုပ်ရှင်
သရုပ်ဆောင်တွေ၊ လက်နက်ဆန်းတွေလည်း မဟုတ်ပါဘူး။ လူသားတွေကို လျှင်မြန်စွာ
တိုက်ခိုက် ဖျက်စီးသွားနိုင်စွမ်း ရှိတဲ့ ကပ်ရောဂါ တစ်မျိုးပါ။ (H1N1)
ဖြစ်ပါတယ်။ ဒီရောဂါကို အကြောင်းပြု ပြီးတော့ အမှောင်ခြမ်းမှာ
ရှိတဲ့သူတွေက ကမ္ဘာကွန်ရက်ထဲမှာ အဖျက်လုပ်ငန်း တွေလုပ်လာနေကြပါပြီ။

(H1N1) အကြောင်းကို ဖော်ပြထားတဲ့ e-mail တွေကို လူတွေဆီ
ပို့ပြီး တိုက်ခိုက်မှု ပြုလာတာပါ။ ဒီ e-mail မှာပါတဲ့ link တွေကို click
ခေါက်မိလျှင်တော့ Qhost.NJI ဆိုတဲ့ Trojan ၀က်ရောက်တာကို ခံရမှာပါ။ ဒီ
Link က မက္ကဆီကန် ၀က်ဘ်ဆိုက်တစ်ခုဆီသို့ ဆွဲခေါ်သွားမှာ ဖြစ်ပြီး
ဒီဆိုက်ထဲမှာ ရှိနေတဲ့ Trojan က ၀င်ရောက်သွားမှာပါ။ မက္ကဆီကို ဆိုက်ဟာ
တရားဝင်ဆိုက်ဖြစ်ပေမယ့်လည်း ဖောက်ထွင်းခံထားရပြီး တိုက်ခိုက်သူတွေရဲ့
ထိန်းချုပ်မှုကို ခံထားရတာကြောင့် ယခုလို Trojan တွေရှိနေတာလို့ Sonic
Wall က intivirus သုတေသန ဌာနရဲ့ မန်နေဂျာ Nick Bilogorskiy က
ပြောဆိုလိုက်ပါတယ်။

[AH1N1 အီးမေးလ်များ သတိထားသင့်] Qhost.NJI ဆိုတဲ့ Trojan ဟာ
ဘဏ်တွေကို log in ၀င်ရောက်တဲ့ သတင်းအချက် အလက်တွေကို မှတ်သားဖို့
အထူးပြုလုပ် ဖန်တီးထားတာ ဖြစ်ပါတယ်။ Visual Basic ထဲမှာ code တွေကို
ရေးထားတာ ဖြစ်ပြီး Windows သုံးစွဲတဲ့ ကွန်ပျူတာတွေမှာ အရေးပါတဲ့
ဖိုင်တွေကို ပူးပေါင်းပြီး ချိန်းယူလိုက်တာ ကွန်ပျူတာထဲမှာ စောင့်ကြည့်သူ
အဖြစ် နေနေပါတော့တယ်။ အင်တာနက်ထဲကို ၀င်ရောက်ပြီး log in တစ်ခုခုကို
ဝင်လိုက်တာနှင့် တစ်ပြိုင်နက်မှာ လိုက်လံမှတ်သားမှုတွေကို ပြုလုပ်နေမှာ
ဖြစ်ပါတယ်။
သိပ်မကြာခင် ရက်တွေအတွင်းက Symantec ကပြောခဲ့သလို PDF
တွေကြောင့် ပြဿနာတွေ ကြုံတွေ့ရပြီး နောက်ပိုင်း အရေးပါလာတဲ့
ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်မသိတဲ့ သူတွေဆီက ဖြစ်စေ link
တွေပို့လာလျှင် အလွယ်တကူ click မခေါက်ကြဖို့ လုံခြုံရေး ပညာရှင်တွေက
ပြောဆိုထားကြပါတယ်။

Source : Forward Mail

Wednesday, May 27, 2009

အခိုးခံရသော Gmail အားပြန်လည်ရယူခြင်း

သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့။ password ရော security questionရော
secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။ဒီအတွက်
မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။

လုပ်ပုံလုပ်နည်း

ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့
အချက်အလက်အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ
သိလောက်မဲ့အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့
ဥပမာ
နောက်ဆုံး လော့အင်ဝင်ခဲ့တဲ့ရက်စွဲ၊
အကောင့် စဖွင့်ခဲ့တဲ့ ရက်စွဲ၊
အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊
Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။

အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံးတိတိကျကျ
ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ
အတတ်နိုင်ဆုံးအနီးစပ်ဆုံးဖြေပေးလိုက်ပါ။

သင့်အကောင့် သင်ပြန်ရမရဆိုတာ သင့်အဖြေက ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ
မူတည်ပါလိမ့်မယ်။

ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့

ဖောင်ပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊
ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။ဘာကြောင့်လဲဆိုတော့
သင့်ဖောင်ပို့လိုက်တဲ့ IP address ကို Googleကမှတ်သွားမှာမို့လို့ပါ။

ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့ ကိုယ့်အီးမေးသူများခိုးယူခြင်းမှ
ကာကွယ်နိုင်ပါသေးတယ်။ ဘယ်လိုကာကွယ်မှာလဲ?။ လွယ်ပါတယ်။မေးခွန်းတွေကိုလေ့လာပြီး
ကိုယ်နဲ့ပက်သက်တဲ့ အချက်အလက်တွေကိုလုံခြုံတဲ့တနေရာ မှာသိမ်းထားလိုက်ပေါ့။ နောက်
အီးမေးအခိုးခံရတိုင်း အဲဒီအချက်အလက်အတိုင်းဖြေပြီး ပြန်ရအောင်ယူပေါ့။

Form ဖြည့်ရန် သွားရမယ့်လိပ်စာကတော့

Code:
http://www.google.com/support/accounts/bin/request.py?contact_type=ar...
မသိသေးသူများ အတွက်သာရည်ရွယ်သည်

အီးမေးခိုးယူခံရခြင်းမှ ကင်းဝေးကြပါစေ*

source: www.forverfriends.ning.com မှကူးယူတင်ပြသည်။

I hope you will like it!!!!!

I'm sharing what I got****

----------|||||||||----------
With Best Wishes!

Friday, May 22, 2009

လက်ထက်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ

ကယ်…အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ်လိုက်ပါ။ လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ရဲ့ကြောချင်းကြောထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်။ ကျန်တဲ့လက်ချောင်းများက ထိပ်ချင်းထိပ်ထိနေပါစေ။

ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။

လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ။ လက်မဆိုတာ မိဘကိုဆိုလိုတာပါ။ လက်မကိုခွါလို့ ရပါတယ်။ လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ် ဒါကြောင့် ခွါလို့ရတာပါ။

နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ခွါကြည့်ပါ။ လက်ညှိုးကတော့ ညီအကိုမောင်နှမပါ။ သူတို့တွေလည်းကိုယ့်အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။

နောက်လက်ညှိုးကိုထိပ်တွေပြန်ထိထားပြီး လက်သန်းလေးကို ထပ်ခွါကြည့်ပါ။ ဒါကတော့ သားသမီးတွေပါ။ သူတို့လည်း ခွဲခွါကြမှာပါ။

ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွါကြည့်ပါ။ ခွါလို့မရပါဘူး။ ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပါ။ ဆေးပညာအရ အကြောတွေကအရမ်းကပ်နေလို့ ဆိုပြီး သူငယ်ချင်းတွေ ပြောကြတယ်။ ဒါပေမဲ့ ဒီလို လက်ထက်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ရတယ်ဆိုတာကကော ဆေးပညာကသတ်မှတ်ထားတာလား။ တိုက်ဆိုင်လို့များလား။ ဘာပဲဖြစ်ဖြစ်ပါ….. အချစ်စစ်ဆိုတာ ခွဲလို့မရပါဘူး။

ရေးသားသူ--novemberpearl

cheras

အလုပ်ထဲမှာ နေတတ်ဖို့လိုတယ်...........

၁။ အသင်သည် ဟောခန်းအတွင်း ဟိုမှ သည်မှ ဖြတ်လျှောက်သောအခါ လက်ထဲတွင်
စာရွက် တစ်ရွက် အမြဲပါပါစေ။ လက်ထဲမှာ စာရွက်တစ်ရွက်နဲ့ ဟိုမှ သည်မှ
ဖြတ်လျှောက်သူသည် အများအမြင်တွင် အရေးပေါ် အစည်းဝေးအတွက် အလုပ်
ကြိုးစားနေသရောင် ထင်စေ၏။ စာရွက် မပါတဲ့သူကတော့ ကော်ဖီဆိုင် သွားမည့်
အလား ဆင်တူသည်။ အဲ..သတင်းစာကို ကိုင်ပြီး ဖြတ်လျှောက်သူကတော့ ရေအိမ်
သွားမည့်သူဖြစ်၏။

၂။ သာမာန် အလုပ်ဖြစ်သော်ညား အလုပ်များ နေသည်၊ ကြိုစားနေသည်ဟု
အများထင်အောင် ကွန်ပျူတာကို သဲကြီးမဲကြီးကြည့် ကာ လုပ်ပါ။ အများအမြင်တွင်
တင့်တယ်၏။ အလုပ်မရှိက မိမိ ပါစင်နယ် မေးချက်ခြင်း။ မိမိ လစာတွက်ခြင်း
များ လုပ်နိုင်သည်။ ချက်တင် ၀င်ပါက သတိထားပါ။ တစ်ယောက်ထဲ
မရယ်မိပါစေနှင့်။

၃။ လုံးဝအလုပ်မရှိသည့်အခါ မိမိ ၀က်ဘလော့၏ တန်းပလိတ်ပြင်ခြင်း။ ဘလော့
နှင့်ပတ်သက်သော နည်းပညာ လေ့လာခြင်များ လုပ်ပါ။ သင်၏ အထက် အကြီးကဲ (သို့)
သဌေးမှ တွေ့ရှိသွားပါက ရှေ့လာမည့် ပရောချက် အတွက် နည်းပညာ ဆော့ဝဲအသစ်များ
လေ့လာနေသည်ဟု ဖြေပါ။ သင့်အားချီးကျူး ပေလိမ့်မည်။

၎။ သင်၏စားပွဲအား စာရွက်များ ဖိုင်များဖြင့် ရှုပ်ပွနေပါစေ။ ဧကန် ထိုသူသည်
အလုပ်များသောသူဖြစ်ပေသည်။ အလုပ်ဖေါ်တစ်စုံတစ်ဦး သင့်စားပွဲနား ကပ်လာပါက
“အရမ်း အလုပ်များတာ.. ရှင်းဖို့အချိန်မရဘူး” စသည် အိုက်တင် ဖြင့် ပြောပါ။
ထိုသို့ပြောရင်း စာရွက် တစ်ခုအားရှာနေပါ။ လက်တစ်ဖက်က မောက်စ်ကို မလွတ်
ပါနှင့်။

၅။ အလုပ်အား အခြားသူများထက် စောရောက်အောင် လေ့ကျင့်ထားပါ။ (အီးမေးချက်ပါ)
ထမင်းစားချိန် များတွင် အခြားသူများ ထသွားလဲ မိမိသည် အလုပ်များနေသေးသည်
သကဲ့သို့ အခန်းထဲမှ နောက်ဆုံးထွက်ပါ။ (ဂျီ တော့ခ် မှ သူငယ်ချင်းများအား နှုတ်ဆက်ပါ)

မိတ်ရွှေ အားလုံးပဲ အလုပ်ထဲမှာ အဆင်ပြေကြပါစေ။
သူငယ်ချင်းတဟ်ယောက်ပို့ လာတဲ့ ဖော်ဝပ်မေးလ်ကပါ။



cheras

သူငယ်ချင်းတွေ မဝေးရအောင်

သူငယ်ချင်းတွေနဲ့ ဘာလို့ မဝေးချင်ပဲ ဝေးသွားကြရတာလဲ

ငါ့သူငယ်ချင်းတော့ အလုပ်တွေနဲ့ရှုပ်နေမှာပဲ လို့နှစ်ယောက်လုံး တွေးနေကြရင်း နှုတ်ဆက်လိုက်ရင် သူ့အတွက် အနှောက်အယှက်များ ဖြစ်သွားမလား လို့တွေးပြီး ဒီတိုင်းပဲ နေလိုက်ကြရင်းနဲ့

ဒီလို အချိန်တွေကြာလာတော့

နှစ်ယောက်လုံးက တခြား နားလည်မှုပေးနိုင်မယ့် သူငယ်ချင်းကို တောင့်တလာတယ်။ နောက်တော့ နှစ်ယောက်လုံးက သူတောင်နေနိုင်သေးတာပဲ ငါကဘာလို့ စခေါ်ရမှာလည်း လို့တွေးပြီး စိတ်ထဲမှာ မကျေနပ်သလိုဖြစ်လာတယ်။

အဲဒါနဲ့ပဲ အချစ်က အမုန်းတွေအဖြစ်ပြောင်းလဲလာတယ်

နောက်ပိုင်းတော့ အရင်က ခင်ခဲ့တယ် ဆိုတာတောင် မှတ်ညဏ်ထဲမှာ မှေးမှိန်လာပြီး တစ်ယောက်နဲ့ တစ်ယောက်မေ့သွားကြရော

ဒါကြောင့် အမြဲတမ်း ကိုယ်နှစ်လိုတဲ့ သူငယ်ချင်းတွေကို ထိတွေ့ပေးဖို့လိုအပ်တယ်လို့ထင် ပါတယ်

ကျွန်တော်ကတော့ အဲလိုနဲ့ ဝေးသွားတာမျိုး မဖြစ်ချင်ဘူးဗျာ

ဒါကြောင့်ဒီစာလေးကို ကျွန်တော်ရဲ့ ချစ်လှစွာသောသူငယ်ချင်းများဆီကိ
ု အခုပဲ ပို့ပေးလိုက်ပါပြီ

ဒီတော့ အဲလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမလည်း ဆိုတော့

ဟေ့ သူငယ်ချင်း နေကောင်းလား မင်း အလုပ်တွေရှုပ်နေလား ငါ မင်းကို သတိရနေတာ


အဲလိုလေး ပြောကြည့်ကြမယ်လေ အိုကေလား

ကဲ ဘယ်လိုလဲ

ကျွန်တော်ကိုလည်း ဒီလိုမျိုး နှုတ်ဆက်ကြည့်ပါလားဗျာ။

source : forward mail


cheras

ရယ်မောခြင်းသည်............အသက်ရှည်၏ ။.

တစ်ညလုံးဆို ဘယ်လောက်လဲ

မိန်းမတစ်ယောက်သည် ဆရာဝန်နှင့် ဆွေးနွေးချင်သည်ဟု ဆိုသည်..။ သို့နှင့် ဆရာဝန်က “ ပြောပါခင်ဗျာ...ဘာရောဂါ၊ ဘာပြသနာများ ဖြစ်နေတယ်လို့ ထင်ပါသလဲ ” ဟု မေးသည်။ ထိုအခါ လူနာ မိန်းမက
“ အင်း....ကျွန်မ..ကျွန်မ ” ဟု ဘယ်က စပြောရမှန်း မသိ ယောင်ချာချာဖြစ်နေသည်။ နောက်တော့“ ကျွန်မ အိပ်မပျော်တဲ့ ရောဂါရနေတယ် ထင်တယ် ဆရာ ” ဟု မဝင့်တဝင့် ပြောသည်။ ထိုအခါ ဆရာဝန်က...“ ဟုတ်ပါပြီ....ခင်ဗျာ၊ ဒါပေမယ့် ကျွန်တော့ အကြံပေးချက်တွေနဲ့ ကျွန်တော့ ဆွေးနွေးတဲ့ အချိန်တွေ အတွက် တစ်နာရီကို ဒေါ်လာ 80 ကျပါမယ် ” ဟု ပြောသည်။ ထိုအခါ လူနာ မိန်းမက ဝမ်းသာအားရနှင့် ...........“ ရပါတယ် ဆရာ၊ ငွေက အရေးမကြီးပါဘူး..။ တကယ်လို့ တစ်ညလုံးဆိုရင်ရော ဆရာ ဘယ်လောက် ယူပါသလဲရှင် ”...။
........ ........ တစ်ညလုံးကြီးများတောင်...

လက်ထပ်ပြီးစီးခြင်း

....ငွေချူမြို့၊ ခါးပိုက်နှိုက်ရပ်၊ အကြွေးထူလမ်း၊ အမှတ်(၁၅၀၀) နေ......
(ဦးငွေမက်+ ဒေါ်ချူစား)၊ ဦးငွေကြွယ်+ ဒေါ်မာယာမြူတို့၏ မြေး...
ဦးလောဘ ( နယ်လှည့်လိမ်စား ကုမ္ပဏီ ) + ဒေါ်ဓနရှင် တို့၏
ဒသမမြောက်သား......မောင် ဂျလေဘီထောင်ထွက် ( လယ်ရာလယ်စားရေး ကုမ္ပဏီ ) နှင့်
.....မစိန်မြို့၊ ပတ္တမြားမြို့နယ်၊ ကျောက်စိမ်းလမ်း၊ အမှတ် ( ၅၂၈ ) နေ......
ဦး မဟူရာ မဲနက်ကျော် (ရွှေပေါင်ကုမ္ပဏီ) + ဒေါ်နီလာဝင်းဝင့်ကြွယ် တို့၏
ဒါဇင်ကျော်မြောက် သမီးလတ်.........မကြွားဝါဝါမဲနီ လာဝင်းဝင့်ကြွယ် (တီကောင်ရောင်းဝယ်ရေး ပွဲစားကုမ္ပဏီ)
တို့သည် ၀၈-၂၁-၀၈၊ ကလေးမြို့ပြင် သုသာန်ဇရပ်၌ ဂုဏ်သရေရှိ ဂျလေဘီများ၊ ထောင်ထွက်လူကြီးမင်းများ၊ ဝရမ်းပြေးများနှင့် လောင်းကစားသမားများ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လက်ထပ်ပြီးစီးကြောင်း။
( နှစ်ဖက်သော မိဘများနှင့်
မောင်ဂျလေဘီထောင်ထွက် + မကြွားဝါဝါမဲနီလာဝင်းဝင့်ြ ကွယ်)
........ ......
အခ်စ္ညဝတ္အက်ီၤ

အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။ > > " ဒါ ဘာလုပ်တာလဲ" > "ယောကျာ်းအပြန်ကို စောင့်နေတာလေ" > "ဘာမှ မ၀တ်ဘဲ စောင့်နေရသလား" > "ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်" > "လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ" > "ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်" > > ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။ > > တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။ > > "ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက > " ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။
...... ....
( အတုမြင် အတတ်သင်တတ်တဲ့ သယ်ရင်းများအတွက်၊ အတုခိုး မမှားကြစေဖို့ )

လင်ကွန်းမိန်းမ နာမည်က

အတန်းတတန်းတွင်ဆရာမက ကျောင်းသာများကိုမေရိကန်ပြည်တွင်းစစ်အကြောင်း မေးနေသည်။ ဆရာမက ကျောင်းသားတစ်ဦးအား ......."ဟဲ့...အမေရိကန်ပြည်တွင် စစ်မှာနာမည်ကြီးတဲ့သမ္မတကိုပြောစ မ်း" ကျောင်းသားက......."လင်ကွန်းပါဆ ရာမ"........အေးဒါဆိုသူ့မိန်းမနာမည်ကဘာလဲ'"...... "မယားကွန်းပါဆရာမ"
....... ..... လွယ်လွယ်လေး နှော....။

သူ့ထက်သာ

လူတစ်ဦးသည် ညစာစားပွဲတစ်ခုမှသောက်စားပျော်ပါး၍ အိမ်သို့ပြန်လာရာ အိမ်ပေါ်အရောက်၌ အမူးလွန်ကာ ခလုတ်တိုက်ပြီး မေ့လဲသွားလေသည်။ ထိုအခါ မိန်းမဖြစ်သူက ဆရာဝန်ဆီ ဖုန်းဆက်ရန် ဖုန်းနံပါတ်ရှာရာ မတွေ့သဖြင့် သူ၏သားဖြစ်သူအားခေါ်၍.....
မိန်းမ။ ။ သားလေး...သွား အပေါ်ထပ်မှာအိပ်နေတဲ့ မင်းဦးလေးကိုသွားနှိုးပြီး ဒေါက်တာ့ဖုန်းနံပါတ်မေးကြည့်စမ်း
သားဖြစ်သူ။ ။ ဟာ...မေမေကလည်း ဒါများ ဆရာဝန်ဆီဖုန်းဆက်ပြီး ဖုန်းနံပါတ်ဘယ်လောက်လဲ မေးလိုက်ပေါ့။
မိန်းမ။ ။ ဟဲ့...နင်တော်တော်တုံးပါလား.... .......ဖုန်းနံပါတ်မသိပါဘူးဆိုမှ ဘယ်လိုဖုန်းဆက်မလဲ...ကဲ..ကဲ
ဆရာဝန်ဆီသွားပြီး ဖုန်းနံပါတ်ဘယ်လောက်လဲမေးပြီး ပြန်လာခဲ့..ဟဲ့..မြန်မြန်ပြန်လာ ခဲ့နော်
...............

ကိုလူလည်ရဲ့ အိမ်မက် အဆုံးပိုင်း
ဧည့်သည်များရှေ့တွင် လူတစ်ဦးက အခြား တစ်ဦးကို ပြက်ရယ်ပြုရန် ရည်ရွယ်ချက်ဖြင့်.......
“ တလောက ငါ အိမ်မက် မက်တယ်ကွ။ အိမ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေ ပေါက်ပြီး ထပျံကျတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ မြေပေါ်ကို ပြန်ကျလာတယ်။ အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့် ရှိတဲ့တွင်းထဲကို ကျပြီးတော့၊ မင်းကတော့ အညစ်အကြေးတွေ ရှိတဲ့ တွင်းကြီးထဲကို ကျသွားတယ်တဲ့ကွာ..... ”
အဲလိုနဲ့ ဟာသဥာဏ်ရှိတဲ့ ကိုလူလည်ကလဲ ပြန်ပြောတာပေါ့.......
“ အံ့သြစရာ ကောင်းလိုက်တာကွာ၊ ငါလဲ အဲဒီ အိမ်မက်ကို အဲဒီ အတိုင်းမက်တယ်ကွ။ ဒါပေမယ့် ငါက ရှေ့ဆက်ပြီး ဆုံးတဲ့ အထိ မက်ခဲ့သေးတာ ”
“ ဘာတွေ ဆက်ပြီး မက်ခဲ့လို့လဲကွ ”
“ ငါတို့တွေ တွင်းအသီးသီးကနေ ပြန်ထွက်လာပြီးတဲ့နောက် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လျှာနဲ့ လျက်ကြတယ်လေ ”
....... .......
ဖစ်ချင်တာက......... ....

ဆရာမက ကလေးတွေအား “ ကြီးလာရင် ဘာဖြစ်သလဲ...ပုံဆွဲပြပါ ” ဟု ခိုင်းလေသည်။ ကလေးတစ်ယောက်က လေယဉ်မူးပုံ ဆွဲသည်။ အခြား တစ်ယောက်က ရဲသားပုံ ဆွဲသည်။ တစ်ယောက်ကတော့ မျက်လှည့်ဆရာပုံ ဆွဲသည်။ အဲ မိန်းကလေး တစ်ယောက်ကတော့ လက်နှိပ်စက် စာရေးမပုံ ဆွဲသည်။ ကောင်မလေး တစ်ယောက်တော့ ဘာမှ မဆွဲ......။ သူ့ စာရွက် လွတ်နေသည်။ ထို့ကြောင့် ဆရာမက.......“ သမီး ဘာဖြစ်လို့ ဘာမှ မဆွဲတာလည်း ကွယ် ”
“ ဘာမှ မဖြစ်ပါဘူး ဆရာမ ”
“ ဒါဆို ဘာလို့ ပုံမဆွဲတာလဲကွယ် ”
“ သမီး လက်ထပ်ချင်တယ် ဆရာမ။ အဲဒါ ဘယ်လိုဆွဲရမှန်း မသိလို့ပါ ”
............... ...................
အရင်းခံ အတိုင်းပါရှင်

တရားသူကြီး ။ ။ “ မင်း ယောင်္ကျားကို ထီးနဲ့ ရိုက်လိုက်တာ ထီးကျိုးသွားတယ်လို့ ဆိုတယ်..။ ကဲ..အဲဒါ မင်းဘာပြောချင်သလဲ ....။
တရားခံ အမျိုးသမီး ။ ။ “ မတော်တဆ ဖြစ်သွားတာပါ တရားသူကြီးရှင့် ”
တရားသူကြီး ။ ။ “ ဒါ ဘယ်လိုလုပ် မတော်တဆဖြစ်နိုင်မှာလဲ ”
တရားခံ အမျိုးသမီး ။ ။ “ ကျွန်မမှာ ထီးကျိုးစေချင်တဲ့ ဆန္ဒလုံးဝမရှိပါဘူး ”
...... .......

ယူမိသည့် တာဝန်..

“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော် ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့် တာဝန်များနော်............ ...
................ .................

သွက်လက် ချက်ချာသူလေး

အိမ်ရှင် ။ ။ “ ဟဲ့ ကောင်မလေး၊ အိမ်မှာ ဧည့်သည်တွေ ရှိနေရင် နင့်ကိုငါ “ အက်စတာ ” လို့
ခေါ်မယ် မှတ်ထား ”
အိမ်ဖော် ။ ။ “ ဟုတ်ကဲ့ မေမေကြီး၊ ဒါထက် အိမ်မှာ ဧည့်သည်တွေရှိနေရင် ကျွန်မကရော မေမေကြီးကို
ဘယ်လိုခေါ်ရမှာလဲ ”
အိမ်ရှင် အမျိုးသမီးကြီး ။ ။ “ ဟယ်...ခွေးမ ”
အိမ်ဖော် ။ ။ “ ကောင်းပါပြီ............မေမေကြီး ”
.......... သိပ်တော်..

ကြောက်တယ်နော်....း)

တစ်ခါက ကောင်လေး သုံးယောက်ဟာ ဆေးရုံ တစ်ခုကို အတူသွားကြတယ်။ ဆေးရုံရောက်တော့ ပထမ ကောင်လေး က “ ငါ ဒီကို သွေးစစ်ဖို့ လာတာ ” တဲ့။ အဲဒါ ဒုတိယကောင်လေးက “ မင်းသွေးစစ်မယ်ဆိုရင် မင်းလက်ထိပ်ကို ဆရာဝန်က အပ်နဲ့ဖောက်လိမ့်မယ်” လို့ပြန်ပြောတယ်။ ဒီစကားလည်း ကြားရော တတိယ ကောင်လေးက အော်ငိုပါလေရော။ ဒါနဲ့ ပထမနဲ့ ဒုတိယကောင်လေးက ဘာလို့ငိုရတာလဲလို့ မေးတယ်။ အဲဒါ တတိယ ကောင်လေး ပြန်ဖြေပုံက “ငါ က ဆီးစစ်ဖို့လာတာကွ“ တဲ့။
.............. ............ အဟိ


လှေခါးလာမလှုပ်နဲ့

ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို မြင်ခဲ့ကြရတယ်။ နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့က လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို ဗဟုသုတအနေနဲ့ ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။
ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် ”
“ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲ။” ဒါနဲ့ကိုလတ် ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့ ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့ ဟုတ်ပြီလား။” ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း”
မောင်မောင်က “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ”
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင် အရက်သေစာမသောက်စားကြနဲ့ ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။
အဲဒါနဲ့ ဆရာမကဆက်ပြီး “ပီတာလေးကို မေးလိုက်တယ်။” “ပီတာလေးရဲ့ အမြင်ကိုလဲပြောပါအုန်း” ပီတာလေးက “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ” ဟုဖြေလိုက်တယ်။

ဆရာမလဲ အံ့အားသင့်သွားတယ် “ဘယ်လိုပတ်သက်လို့တုန်းကွဲ့ ”လို့  ဆရာမက ပီတာလေးကိုမေးလိုက်တယ်။ ဒါနဲ့ပီတာလေးက “အဲဒီလူကြီးက” “အေဘေးလေးအောက်ကနေ လှေခါးလာမလှုပ်နဲ့”လို့ပြောလို့ပါ ဆရာမ။
.......................... အဟိ

ပျော်ရွှင်ပါစေ

Source: Forward Mail

Cheras

ဟာသ...လွတ်အောင်ပြေး…မိရင်နာမယ်.

ကျွန်တော်ဖတ်ရတဲ့..ဟာသလေးတစ်ခု
ပါ…. ဒီကအစ်ကိုအစ်မတွေကို
ပြန်လည်ဝေမျှလိုက်ပါတယ်… လွတ်အောင်ပြေး..မိရင်နာမယ်
ကိုချူချာ တစ်ယောက် အခုတစ်လောအလွန်ဝလာသဖြင့် အလွန်စိတ်ညစ်နေသည်။
စိတ်ညစ်ညစ်နှင့် အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ရင်း သတင်းစာကို ယူကြည့်ရာ
ကြော်ဋ္ဌာတစ်ခုကို တွေ့ လိုက်ရသည်။ ကြော်ဋ္ဌာက… သင်၏ အဆီများကျဖို့ 
ကျွန်တော်တို့ ကတာဝန်ယူပါသည်။ တစ်ပတ်အတွင်း မည်မျှကျချင်ကြောင်းသာ
ဖုန်းနံပါတ်………..သာဆက်သွယ်လိုက်ပါဟု တွေ့ ရသဖြင့် ခေါ်ဆိုကြည့်
ရာ တစ်ဖက်မှ…ဟုတ်ကဲ့ Slim Body Group
မှကြိုဆိုပါတယ်….မိတ်ဆွေအနေဖြင့်..နေရပ်လိပ်စာနှင့် တစ်ပတ်အတွင်း
ပေါင်မည်မျှကျချင်ကြောင်း ပြောပြပါဟုပြန်ဖြေလေသည်။ ထိုအခါ
ကိုချူချာ…..တစ်ပတ်အတွင်း ၅ပေါင်ကျချင်ကြောင်းပြောရာ

တစ်ဖက်မှ…ဟုတ်ကဲ့ မနက်ဖြန်ကစပြီး လူကြီးမင်းရဲ့ ကိုယ်အလေးချိန်
၅ပေါင်ကျဖို့ တာဝန်ယူကြောင်း…ဤအစီအစဉ်ကို
ကြိုက်နှစ်သက်လိမ့်မည်ဟုယုံကြည်ကြောင်း ပြန်ဖြေလေသည်။ နောက်နေ့ မနက်
အိမ်တံခါးခေါက်၍ သွားဖွင့်ရာ….ငယ်ရွယ်ချောမောလှပသော မိန်းမပျိုလေး
တစ်ယောက် အားကစားဝတ်စုံ ၀တ်လျှက် စောင့်နေသည်ကို တွေ့ ရလေသည်။ သူမ၏
လည်ပင်းတွင် ကတ်ပြားတစ်ခုချိတ်ဆွဲထား၍ ဖတ်ကြည့်ရာ…..
မိအောင်ဖမ်း..မိရင်နမ်း…ဟုတွေ့ ရသည်။ ထိုမိန်းကလေး က ဘာမှမပြောဘဲ
ပြေးထွက်သွားရာ ကိုချူချာလည်း မှီအောင်လိုက်ရတော့သည်။
၂မိုင်လောက်ပြေးလိုက်မှ ထိုမိန်းကလေးကို မိတော့သည်။ ဒီလိုနှင့်
ထိုမိန်းကလေးနောက်ပြေးလိုက်ရာ တစ်ပတ်မျှကြာသော်…အမှန် တစ်ကယ်ပင်
၅ပေါင်ကျသွားကြောင်းတွေ့ ရသည်။ ကိုချူချာတစ်ယောက်
အပျော်ကြီးပျော်သွားပြီး ယင်း Group အား ထပ်မံ၍ တစ်ပတ်အတွင်း
၁၀ပေါင်ကျချင်ကြောင်း အကြောင်းပြန်လိုက်သည်။ နောက်နေ့ တွင် ယခင်ကထက်
ပိုမိုချောမောလှပသော မိန်းမပျိုလေးတစ်ယောက်
ဘောင်းဘီတိုလေးနှင့်စောင့်နေ သည်ကို တွေ့ ရပြန်သည်။ ထိုမိန်းကလေး၏
ကတ်ပြားလေးမှာလဲ………..မိရင်နမ်းပင်ဖြစ်သည်။
ထိုမိန်းကလေးနောက်ပြေးလိုက်ရာ….၅မိုင်လောက်မှမှီလေသည်။
ထုံးစံအတိုင်း တစ်ပတ်ပြည့်၍ ပေါင်ချိန်ကြည့်ရာ တစ်ကယ်
၁၀ပေါင်ကျသွားလေသည်။ ကိုချူချာတစ်ယောက် လောဘတက်လေပြီ။ ၂ ပတ်အတွင်း
ပေါင် ၅၀ ကျချင်ကြောင်းအကြောင်းကြားရာ ထို Group က ထိုအစီအစဉ်မှာ
လွန်စွာ ပင်ပန်းကြောင်းနှင့် ဖြည်းဖြည်းချင်း ပေါင်ချလျှင်လည်း
ရနိုင်ကြောင်းပြောပြသည်။ သို့ သော်ကိုချူချာက
ရပါတယ်..ဒီလောက်တော့အပျော့ပေါ့ ဟုပြန်ပြောကာ ၂ ပတ်တွင်ပေါင် ၅၀
ကျရန်သဘောတူလိုက်သည်။ နောက်နေ့ မနက်ရောက်၍ ၀မ်းသာအားရ
တံခါးသွားဖွင့်ရာ….တံခါးတွင်…ထောင်ထောင်မောင်း မောင်း သန်သန်မာမာ
ယောကျာ်းတစ်ယောက်ကိုတွေ့ ရ၍ အံအားသင့်သွားသည်။ ထိုသူ၏ လည်ပင်းတွင်
ချိတ်ဆွဲထားသော ကတ်ပြားလေး၌……
လွတ်အောင်ပြေး…မိရင်နာမယ်..ဟူ၍ဖြစ်လေသတည်း….

Source: Forward Mail



cheras

ကြည်.ကြည်.ပါ... အားကျသွားစေမယ် ...

Dear All , I hope you will like it.

:)



Click Here For 100% Enjoyment (www.xcitefun.net)
Click Here For 100% Enjoyment (www.xcitefun.net)
Click Here For 100% Enjoyment (www.xcitefun.net)
Click Here For 100% Enjoyment (www.xcitefun.net)
Click Here For 100% Enjoyment (www.xcitefun.net)
Click Here For 100% Enjoyment (www.xcitefun.net)
Click Here For 100% Enjoyment (www.xcitefun.net)
Click Here For 100% Enjoyment (www.xcitefun.net)
Click Here For 100% Enjoyment (www.xcitefun.net)








--
Regards,
Steven



============================
Life is an opportunity, benefit from it.
Life is a beauty, admire it.
Life is a dream, realize it.
Life is a challenge meet it.
Life is a duty, complete it.
Life is a game, play it.
Life is a promise fulfill it.
Life is sorrow, overcome it.
Life is a song, sing it.
Life is a struggle, accept it.
Life is a tragedy confront it.
Life is an adventure, dare it.
Life is luck, make it.
Life is life, fight for it."





Note: Forward Mail

Kawhmu Thu Lay,

Cheras

Thursday, May 21, 2009

အသုံးဝင်သော site များ

> Forums
> www.engineeringforum.org Engineering
> http://forums.studentdoctor.net ဆေးပညာပိုင်း
> www.flowerpod.com.sg အလှအပပိုင်း
> နည်းပညာပိုင်း
> www.myanmarfamily.org
> www.myanmarinfotech.net
> www.technical-seven.com
> www.mmcyber.net
> www.padonma.com
> www.itpros.ning.com
> www.problemclean.ning.com
> www.myanmarchatonline.org
>
> Social Network
> www.hi5.com
> www.orkut.com
> www.friendster.com
> www.myspace.com
> www.multiply.com
>
> www.flickr.com ဓာတ်ပုံဝါသနာရှင်များအတွက်
> www.youtube.com video များအတွက်
>
> Website Sharing
> www.digg.com
> www.stumbleupon.com
> www.del.iciou.us
> www.slashdot.org
>
> Open Courseware
> http://ocw.mit.edu
> (Massachusetts institute of Technology OCW)
> http://ocw.usu.edu
> (Uhah State University OCW)
> http://ocw.jhsph.edu
> (Johns Hopkins School of Public Health OCW)
> http://ocw.tufts.edu
> (Tufts University OCW)
> http://ocw.fhda.edu
> (Foothill-De Anza Community Collage SOFIA)
> http://ocw.cmu.edu/oli/
> (Carnegie Mellon Open Learning Initiative)
>
> Blog Search Engine
> www.technorati.com
> http://blogsearch.google.com
> www.feedster.com
> www.ljfind.com
>
> Create New Blog
> www.blogger.com
> www.wordpress.com
> www.livejournal.com
> www.blog.co.uk
> www.typepad.com
> www.mmblogs.net
> www.myanmarblogspot.com
>
>
> အင်တာနက်မှ အလုပ်လျှောက်ထားခြင်း
> www.myanmar-workers.com
> www.asianjobbus.com
> www.ngoinmyanmar.org
> www.myanmarhotjobs.com
> www.careerbulider.com
> www.job-hunt.org
> www.jobstreet.com
> www.jobdb.com
> www.bestjobs.com.sg
> www.jobbankusa.com
> www.unjobs.org
> www.jobsearch.co.uk
>
> Software Download
> www.speedybit.com (Download accelerator plus)
> www.internetdownloadmanager.com
>
> ကမ္ဘာ့စွယ်စုံကျမ်း
> www.wikipedia.org ( en.wikipedia.org )
> http://wikimyanmar.org
> http://wikimyanmar.co.cc
>
> Virus Software
> www.bitdefender.com (Bit Defender)
> www.mcafee.com (McAfee)
> www.symantec.com (Norton)
> www.free.grisoft.com (AVG:free)
> Spyware,Adware,Trojan EJ,Worms ကာကွယ်ရန်
> www.pctools.com/spyware-doctor
> www.webroot.com (Spy Sweeper)
> http://free.grisoft.com (AVG Anti-Spyware)
> www.lavasoftusa.com (AD-Aware SE)
>
> Myanmar Novel,Journal,Magazine
> www.people.com.mm
> www.weeklyeleven.com
> www.11mediagroup.com
> www.mmtimes.com
> www.planet.com.mm
> www.phatpa.com
> www.phoewa.com
> www.elibrary.com.mm
> www.ainmet.com
> www.foreverspace.com.mm
> www.click2myanmar.com
> www.pansagar.com
> http://video.phpmyanmar.com
>
> Buddhism
> www.dhammadownload.com
> www.mahasi.org
> www.dharmanet.org
>
> Myanmar Songs
> www.myanmarmp3.net
> www.flashband.net
> www.innwa.com
> www.ayinepan.com
>
> Others
> www.myanmaryellowpages.biz
> www.traveltomyanmar.com
> www.burmalibrary.org
> www.modins.net
>
> Educatin Potral
> www.studying-singapore.com
> www.myanmartraining.com
>
> Soccer Site
> www.livescore.com
> www.asianbookie.com
> www.fifa.com
> www.uefa.com
> www.soccernet.com
>
> Health Site
> www.mentalhelp.net
> www.healthy.net
> www.tripprep.com
> http://cancerweb.ncl.ac.uk
>
> English Learning Center
> www.voaspecialenglish.com
> www.englishclub.com
> www.webenglishteacher.com
> www.learnenglish.org.uk
>
>
>
> Sattelite Site
> www.rdi-sat.com
> www.lyngsat.com
>
> Internet Library
> www.loc.gov
> www.ipl.org
>
> Web Learning
> www.w3schools.com
> www.w3.org
> www.webmonkey.com
>
> Software Driver
> www.windrivers.com
> www.driverguide.com
> www.helpdrivers.com
> www.driversplanet.com
>
> English Music
> http://music.yahoo.com
> www.mysongbook.com
> www.song2play.com
>
> SMS Service
> www.starhub.com (sg)
> www.singtel.com (sg)
> www.gizmosms.com (wordwide)
> www.beeonline.ru (russia)
> www.megafonmoscow.ru (russia)
>
> Download ebook
> www.templateen.com
> www.gutenberg.org
> http://student-50webs.org
> www.mmopenlibrary.net
> www.shweone.wordpress.com
>
>
> အခြားအသုံးဝင်သော site များ
> www.globalhouseplans.com (House Design)
> www.oryza.com (Rice Stock)
> www.riceonline.com
> www.opec.org (Oil Stock)
> www.kitto.com
> www.xe.com (Money Exchange)
> www.modelsurf.com (Korea Model)
> www.jkdramas.com (Korea & Japan Model)
> www.worldtimeserver.com (Time Convert)
>
> N@pster
>
>
> တကူးတကရှာဖွေစုဆောင်းပြီး ဖြန့်ဝေပေးတဲ့ N@pster
> ကိုအထူးကျေးဇူးတင်ပါတယ်........
.....

Note: copy from forwad mail.

Cheras

ဝိတ်ချမယ်

Can't eat pork,
Swine flu...
[]
Can't eat chicken,
Bird flu.
[]
Can't eat Beef,
Mad cow....
[]
Can't eat eggs,
Salmonella.
[]
Can't eat fish,
heavy metal poisons in their waters.
[]
Can't eat fruits and veggies,
insecticides and herbicides.
[][][]
Hmmmmmmmmm!!!!!!!!!!!!!
M
M
M
M
M
M
M
M
M
M
M
[]
I believe that leaves Chocolate and ice cream!!!!!!!!
Remember - - - 'STRESSED'
spelled backwards! is
'DESSERTS'
[]
Send this to four people and you will lose 2 pounds
[]
Delete it and you will gain 10 pounds immediately!
[]
That's why I had to pass this on - -
- - - didn't want to risk it - - -
And I wanted to put a smile on your face.
Note: Just share from forwad mail.

Cheras